Thursday, June 11, 2015

အသားအရောင်၊ ယုံကြည်ရာ၊ ဘာသာတရား



ကျွန်တော်တို့တွေဟာ လူသားအဖြစ်နဲ့မွေးဖွားလာကြတာပါ။ လူသားနဲ့လူသားချင်းကြားမှာ ဘာတွေက ထပ်ပြီးခွဲခြားဦးမှာလဲ။ ဘယ်လူမျိုးက ပိုပြီးမြင့်မြတ်တယ်၊ ဘယ်ဘာသာတရားက ပိုပြီးယုတ်ညံ့နိမ့်ကျတယ်ဆိုတာ အများစုက ၀ိုင်းဝန်းသတ်မှတ်ထား ကြတဲ့ အကဲဖြတ်မှုတွေပါပဲ။ ကျွန်တော်တို့နဲ့လူမျိုး၊ဘာသာတူညီတဲ့လူတွေများများပိုရှိတဲ့နေရာမှာ ကျွန်တော်တို့က အကဲဖြတ်ပြီး ကျွန်တော်တို့နဲ့ လူမျိုး၊ ဘာသာတူညီတဲ့လူနည်းတဲ့နေရာမှာ ကျွန်တော်တို့က အကဲဖြတ်ခံရမယ့်အဖြစ်တွေဟာ အတုံ့အလှည့်သ ဘောဆန်လွန်းပါတယ်။ တကယ်တော့ ဘယ်လူမျိုးဖြစ်ဖြစ်၊ ဘယ်ဘာသာဖြစ်ဖြစ် လူသားဟာ လူသားပဲမဟုတ်လား။ 
ဘာဖြစ်လို့ ခွဲခြားမှုတွေ ထပ်လုပ်ဦးမှာလဲ။

ADAR: Myanmar

Tuesday, June 9, 2015

ချစ်ခြင်းတရားများ


အမုန်းတရားတွေဟာ ကျွန်တော်တို့ရဲ့မွေးရာပါ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ဟာ အဲဒီအမုန်းတရားတွေကိုပဲ အကြောင်းပြချက် အမျိုးမျိုးနဲ့လေ့လာသင်ကြားကြတယ်။ ပွားများယူကြတယ်။ ဖြန့်ဝေကြတယ်။ မတူညီမှုတွေကြောင့်သာ မုန်းတီးကြမယ်ဆိုရင် ကျွန်တော်တို့တွေ တစ်ယောက်နဲ့တစ်ယောက် တူးတူးခါးခါးမုန်းရင်း နိဂုံးချုပ်ရပါလိမ့်မယ်။ အမုန်းတရားလို ခက်ထန်တဲ့အရာကိုတောင် တပင်တပန်း၊ လေးလေးလံလံ သင်ကြားယူနေသေးရင် ပိုပြီးပေါ့ပါးပျော်ရွှင်ကြည်နူးစရာ ချစ်ခြင်း တရားအကြောင်းကိုလည်း ဘာလို့မလေ့လာဖြစ်ကြတာလဲ။ ချစ်ခြင်းမေတ္တာမှာ အကန့်အသတ်တွေ၊ အသွေးအရောင်တွေ၊ အပိုင်း အခြားတွေမရှိဘူးဆိုတာ သင်ကြားလေ့လာဖို့ ကျွန်တော်တို့နှလုံးသားတွေကို ဖွင့်ထားလိုက်ကြရအောင်။ ။

ADAR: Myanmar