ကျွန်တော်တို့တွေဟာ လူသားအဖြစ်နဲ့မွေးဖွားလာကြတာပါ။
လူသားနဲ့လူသားချင်းကြားမှာ ဘာတွေက ထပ်ပြီးခွဲခြားဦးမှာလဲ။ ဘယ်လူမျိုးက
ပိုပြီးမြင့်မြတ်တယ်၊ ဘယ်ဘာသာတရားက ပိုပြီးယုတ်ညံ့နိမ့်ကျတယ်ဆိုတာ အများစုက
ဝိုင်းဝန်းသတ်မှတ်ထား ကြတဲ့ အကဲဖြတ်မှုတွေပါပဲ။
ကျွန်တော်တို့နဲ့လူမျိုး၊ဘာသာတူညီတဲ့လူတွေများများပိုရှိတဲ့နေရာမှာ
ကျွန်တော်တို့က အကဲဖြတ်ပြီး ကျွန်တော်တို့နဲ့ လူမျိုး၊
ဘာသာတူညီတဲ့လူနည်းတဲ့နေရာမှာ ကျွန်တော်တို့က အကဲဖြတ်ခံရမယ့်အဖြစ်တွေဟာ
အတုံ့အလှည့်သ ဘောဆန်လွန်းပါတယ်။ တကယ်တော့ ဘယ်လူမျိုးဖြစ်ဖြစ်၊
ဘယ်ဘာသာဖြစ်ဖြစ် လူသားဟာ လူသားပဲမဟုတ်လား။
ဘာဖြစ်လို့ ခွဲခြားမှုတွေ
ထပ်လုပ်ဦးမှာလဲ။
ADAR: Myanmar

No comments:
Post a Comment