အမုန်းတရားတွေဟာ ကျွန်တော်တို့ရဲ့မွေးရာပါ မဟုတ်ပါဘူး။ ဒါပေမဲ့
ကျွန်တော်တို့ဟာ အဲဒီအမုန်းတရားတွေကိုပဲ အကြောင်းပြချက်
အမျိုးမျိုးနဲ့လေ့လာသင်ကြားကြတယ်။ ပွားများယူကြတယ်။ ဖြန့်ဝေကြတယ်။
မတူညီမှုတွေကြောင့်သာ မုန်းတီးကြမယ်ဆိုရင် ကျွန်တော်တို့တွေ
တစ်ယောက်နဲ့တစ်ယောက် တူးတူးခါးခါးမုန်းရင်း နိဂုံးချုပ်ရပါလိမ့်မယ်။
အမုန်းတရားလို ခက်ထန်တဲ့အရာကိုတောင် တပင်တပန်း၊ လေးလေးလံလံ
သင်ကြားယူနေသေးရင် ပိုပြီးပေါ့ပါးပျော်ရွှင်ကြည်နူးစရာ ချစ်ခြင်း
တရားအကြောင်းကိုလည်း ဘာလို့မလေ့လာဖြစ်ကြတာလဲ။ ချစ်ခြင်းမေတ္တာမှာ
အကန့်အသတ်တွေ၊ အသွေးအရောင်တွေ၊ အပိုင်း အခြားတွေမရှိဘူးဆိုတာ
သင်ကြားလေ့လာဖို့ ကျွန်တော်တို့နှလုံးသားတွေကို ဖွင့်ထားလိုက်ကြရအောင်။ ။
ADAR: Myanmar

No comments:
Post a Comment